၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့အချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်နဲ့မိုးရွာစဉ် ၁ မိုင်ခန့်ထိဖြစ်ကာရေပြင်လေဟာ အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၁၅ မိုင်မှ မိုင် ၂၀ထိတိုက်ခိုက်ကာလှိုင်းအခြေအနေမှာ-လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာလှိုင်းအမြင့်မှာ- ၄ ပေမှ ၇ ပေခန့်ထိဖြစ်ပြီးရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ- တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီးအမြင့်တာအားဖြင့် ၅ မိုင်ဖြစ်ကာရေပြင်လေဟာ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၁၅ မိုင်မှ မိုင် ၂၀ခန့်ဖြစ်ကာလှိုင်းအခြေအနေမှာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီးလှိုင်းအမြင့်မှာ ၄ ပေမှ ၇ ပေခန့်ထိဖြစ်ပါတယ်။
Apr 25 • 5:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 45 | 0 | 0 | 0 |


