back

ဒီဘရိုင်းက အစားထိုးမရသူဖြစ်ပြီး မန်စီးတီးသမိုင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦးလို့ ဂျာမန် ကွင်းလယ်လူ ဂွန်ဒိုဂန် ချီးကျူး

Apr 25 • 5:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒီဘရိုင်းက အစားထိုးမရသူဖြစ်ပြီး မန်စီးတီးသမိုင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦးလို့ ဂျာမန် ကွင်းလယ်လူ ဂွန်ဒိုဂန် ချီးကျူး

မန်ချက်စတာ စီးတီးအသင်းဖော် ကီဗင် ဒီဘရိုင်းကို ဂျာမန် ကွင်းလယ်လူ အီလ်ခိုင် ဂွန်ဒိုဂန်က အထူးချီးကျူးလိုက်ပြီး ဘယ်လ်ဂျီယံ ကွင်းလယ်လူဟာ စီးတီးရဲ့ သမိုင်းတစ်လျှောက် ...

မန်ချက်စတာ စီးတီးအသင်းဖော် ကီဗင် ဒီဘရိုင်းကို ဂျာမန် ကွင်းလယ်လူ အီလ်ခိုင် ဂွန်ဒိုဂန်က အထူးချီးကျူးလိုက်ပြီး ဘယ်လ်ဂျီယံ ကွင်းလယ်လူဟာ စီးတီးရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။အသက်(၃၄)နှစ်အရွယ် ဂွန်ဒိုဂန်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်နဲ့ မတွေ့ဆုံမီ ESPN နဲ့ အင်တာဗျူး အထူးအစီအစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ အသင်းကနေ ထွက်ခွာတော့မယ့် အသင်းဖော်အကြောင်း မေးမြန်းရာမှာ ဂွန်ဒိုဂန်က ချီးကျူးစကားတွေ တဝကြီး ပြောဆိုခဲ့ပြီး ဘယ်လ်ဂျီယံ playmaker ဟာ “သူ့နေရာ အစားထိုးမရနိုင်တဲ့ ကစားသမား” ဖြစ်တယ်လို့ ဆိုပါတယ်။



news-view-count-icon

26