back

မကာအိုအရေးပေါ်ဆေးအဖွဲ့ ငလျင်ဘေးအတွက်ကူညီရန် မြန်မာနိုင်ငံသို့ရောက်ရှိလာ

Apr 25 • 5:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

မကာအိုအရေးပေါ်ဆေးအဖွဲ့ ငလျင်ဘေးအတွက်ကူညီရန် မြန်မာနိုင်ငံသို့ရောက်ရှိလာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖိတ်ကြားချက်အရ တရုတ်အပြည်ပြည်ဆိုင်ရာ အရေးပေါ်‌ဆေးအဖွဲ့ (မကာအို) သည် ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ဆေးဝါးကုသမှု‌ပေးရန်နှင့်နည်းပညာဆိုင်ရာ ...

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖိတ်ကြားချက်အရ တရုတ်အပြည်ပြည်ဆိုင်ရာ အရေးပေါ်‌ဆေးအဖွဲ့ (မကာအို) သည် ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ဆေးဝါးကုသမှု‌ပေးရန်နှင့်နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ထောက်ပံ့ရန် မြန်မာနိုင်ငံသို့ (၁၄) ရက်ကြာမစ်ရှင်အဖြစ်လာမည်ဟု သိရသည်။မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများနှင့်လူ‌သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မကာအိုကျန်းမာရေးဗျူရိုက WHO ၏ဖိတ်ကြားချက်အရ ယခုဆေးအဖွဲ့ကို နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့်မကာအိုရေးရာရုံးနှင့် တရုတ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ သဘောတူညီချက်ဖြင့်စေလွှတ်ခြင်းဖြစ်ကာ မကာအိုရှိတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန မင်းကြီးရုံးနှင့်မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ကူညီထောက်ပံ့မှုများဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


news-view-count-icon

25