ယခုသီတင်းပတ်အတွင်း လူ ၂၆ ဦး သေဆုံးခဲ့သည့် ကမ္ဘာလှည့်ခရီးသည်များကို တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည့် သံသယရှိ စစ်သွေးကြွသုံးဦး၏ အမည်ကို အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်သူများကို ဆုကြေးချီးမြှင့်မည်ဟု ကြေညာခဲ့သည်။ စစ်သွေးကြွသုံးဦးအနက် နှစ်ဦးသည် ပါကစ္စတန်နိုင်ငံသားများဖြစ်သည်ဟု ဧပြီလ(၂၄)ရက် ကြာသပတေးနေ့ကသတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 


