ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်လာသဖြင့် အပူဒဏ်ေကြာင့် ကျန်းမာရေးပြဿနာခံစားနေရပြီး ဆေးရုံ ၊ ဆေးခန်းသို့ လာရောက်ကုသခံယူသည့် လူနာအချို့ ရှိလာကြောင်း ရန်ကုန်မြို့ရှိ ဆေးခန်းအချို့မှ စုံစမ်းသိရှိရပါတယ်။အဆိုပါအပူဒဏ်ကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများအဖြစ် အပူကြောင့်ဖောရောင်ခြင်း ၊ မိတ်နှင့် ယားနာ များထွက်ခြင်း ၊ ကြွက်တက်ခြင်း စသည့် ရောဂါဝေဒနာများခံစားရနိုင်ပြီး ရောဂါပိုမိုဆိုးရွားလာပါက အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ၊ မူးမေ့ခြင်းတို့ပါခံစားရနိုင်ကာ ပိုမိုပြင်းထန်ဆိုးရွားလာပါက အပူဒဏ်ကြောင့်သတိလစ်ခြင်း ၊ အပူရှပ်ခြင်း ( Heat Stroke)အထိ ဖြစ်ပွားနိုင်ပါတယ်။ အပူဒဏ်ကို ကြိုတင်ကာကွယ်ရန် နေ့လယ်နေ့ခင်းအပူပြင်းချိန်များတွင် မလိုအပ်ပဲ အပြင်သွားခြင်း ၊ ပူပြင်း သော နေရောင်အောက်တွင် အလုပ်လုပ်ခြင်း ၊ အားကစားပြုလုပ်ခြင်း စသည့်တို့ တတ်နိုင်သမျှ ရှောင်ကြဉ်ရန် ၊ အကယ် ၍အပြင်သွားရန် လိုအပ်ပါက ထီး ၊ ဦးထုပ်ဆောင်းရန် နေပူထဲမှ ချက်ချင်းရေချိုးခြင်း နှင့် အရက်သေစာ သောက်သုံးခြင်းမှ ရှာင်ကြဉ်ရန်နှင့် ဓာတ်ဆားရည်များများသောက်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
Apr 25 • 3:56 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


