မန်ယူအသင်းသည် ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်း၏ ခြေစွမ်းကို စိတ်တိုင်းကျခြင်းမရှိသည့်အတွက် လာမည့်နွေရာသီတွင် အတ္တလန်တာတိုက်စစ်မှူး လွတ်ခ်မန်းနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း ရသိသည်။ မန်ယူအသင်းသည် ဟွိုင်လန်းကို ၂၀၂၃ နွေရာသီတွင် အတ္တလန်တာအသင်းထံမှ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၆၄)သန်း + Add-ons ကြေး ပေါင်(၈)သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၄၃)ပွဲကစားကာ (၁၆)ဂိုးသွင်းယူ ပေးခဲ့သော်လည်း ယခုရာသီတွင်မူ (၄၅)ပွဲကစားရာ၌ (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ထို့ ကြောင့် မန်ယူအသင်းက တိုက်စစ်မှူးအသစ် ခေါ်ယူရန် စီစဉ်နေရာ ၎င်း၏အသင်းဟောင်း အတ္တလန်တာမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး လွတ်ခ်မန်းနှင့် အလဲအထပ်ပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကို အတ္တလန်တာတိုက်စစ်မှူး လွတ်ခ်မန်းနှင့် အလဲအထပ်လုပ်ရန် မန်ယူအသင်း စီစဉ်နေ
Apr 25 • 3:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


