ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ပိုင်ဆိုင်သော ဗယ်လာဒိုလစ်အသင်းသည် ဘက်တစ်အသင်းကို ၁-၅ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် လာလီဂါမှ တန်းဆင်းရရန် သေချာသွားခဲ့သည်။ ဗယ်လာဒိုလစ်အသင်းသည် လာလီဂါပွဲစဉ် ၃၃ ပွဲ ကစားအပြီးတွင် ၁၆ မှတ်သာ ရထားသဖြင့် အဆင့် ၁၇ နေရာမှ အလာဗတ်စ်အသင်းနှင့် ၁၈ မှတ်အထိ ကွာဟထားသောကြောင့် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။ ဗယ်လာဒိုလစ်အနေဖြင့် ရော်နယ်လ်ဒို၏ပိုင်ဆိုင်မှုအောက် ခုနစ်ရာသီတွင် တတိယအကြိမ်မြောက် တန်းဆင်းခဲ့ရသည်။ရော်နယ်လ်ဒိုသည် ဗယ်လာဒိုလစ်အသင်းအား ရောင်းချရန် ဆွေးနွေးနေကြောင်း သတင်းထွက်နေသည်။



