ယနေ့ဧပြီလ ၂၅ရက်နေ့ မနက် ၀၀:၁၅ နာရီခန့်တွင် မန္တလေးတိုင်း ရမည်းသင်းမြို့မြောက်ဘက်ပိုင်း၊ မိတ္ထီလာမြို့အရှေ့တောင်ဘက် ၂၂ မိုင်၊ ပျော်ဘွယ်အရှေ့မြောက် ၉ မိုင်အကွာတွင် မြေအောက် ၆ မိုင်အနက်မှ မဂ္ဂနီကျု ၃.၂ အဆင့်ရှိသော မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။ ယင်းသည် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ကြီးနှင့် ဆက်နွယ်သည့် နောက်ဆက်တွဲလှုပ်ရှားမှုတစ်ရပ် ဖြစ်နိုင်သည်။



