ဧပြီလ(၂၀)ရက် နေ့တွင်ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ခရဲတောင်ပေါ်တောရကျောင်းနှင့် ခရဲကမ်းနားကျောင်းတွင် ယာယီနေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သည့်အိမ်ထောင်စု (၁၈၁) စုမှ လူဦးရေ(၇၁၀)ဦး အတွက် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကော့ကရိတ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက တစ်ကိုယ်ရည်သုံးပစ္စည်း (၁၅၄) ပုံး၊ ခြင်ထောင် အလုံး (၂၀၀)၊ တာပေါ်လင်စ (၁၀) ချပ် တို့ကို သွားရောက် ထောက်ပံ့ကူညီ ပေးခဲ့ပါတယ်။



