back

ရွှေလီတွင် မြန်မာလုပ်သားများ အခန်းထိ ဝင်ရောက်ဖမ်းဆီးခံနေရ

Apr 25 • 12:33 AM

breaking-news

မြန်မာ

ရှမ်း

cover

ရွှေလီတွင် မြန်မာလုပ်သားများ အခန်းထိ ဝင်ရောက်ဖမ်းဆီးခံနေရ

မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့၌ အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သားများအား လတ်တလောတွင် နေထိုင်ရာအခန်းများအထိ ဝင်ရောက်ဖမ်းဆီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံမြ...

မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့၌ အထောက်အထား မပြည့်စုံသည့် မြန်မာလုပ်သားများအား လတ်တလောတွင် နေထိုင်ရာအခန်းများအထိ ဝင်ရောက်ဖမ်းဆီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံမြန်မာများက ဖော်ပြသည်။ စားသောက်ဆိုင်များနှင့် လူနေအိမ်ခန်းများအထိ ဝင်ရောက်စစ်ဆေးကာ တရားမဝင်ဝင်ရောက်သူများ၊ သက်တမ်းကုန်ကျော်သူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးခံရသူများအနက် တချို့မှာ ပတ်စ်ပို့နှင့် စာအုပ်အနီရှိသော်လည်း မျက်နှာသိမြင်စနစ်တွင် မဖော်ထွက်နိုင်သဖြင့် ခေါ်ဆောင်ခံနေရကြောင်း၊ ပြန်လွတ်ရန်အတွက်လည်း ငွေပေးချေမှုများ ပြုလုပ်ရကြောင်း သိရသည်။ နယ်စပ်ကနေ စာအုပ်သက်တမ်းတိုးရန်အတွက် ကုန်ကျစရိတ်မြင့်မားခြင်း၊ လူလိမ်ခံရခြင်းစိုးရိမ်မှုများကြောင့် ပြဿနာရှိသည့်အခြေအနေတွင် မြန်မာလုပ်သားများ ရှောင်လွှဲနေရကြောင်း သိရသည်။


news-view-count-icon

9