ဘူတန်ကျောင်းသူလေး ပီမာ တီရှိဆက်ကုက အသက် ၁၃ နှစ်ပဲ ရှိသေးပေမယ့် ပညာရှင်တွေနဲ့ တွဲပြီး ဂြိုလ်တုတည်ဆောက်နေပါပြီ။ ဩစတြေးလျနိုင်ငံ ပါ့သ်မှာ နေထိုင်တဲ့ ပီမာဟာ Curtin တက္ကသိုလ်ရဲ့ ကမ္ဘာပတ်လမ်းထဲ လေ့လာရေးအတွက် လွှင့်တင်မယ့် ဂြိုလ်တုတည်ဆောက်ရေး အစီအစဉ် BinarX programme မှာ ပါဝင်ပါတယ်။ ဒီ programme မှာ တက္ကသိုလ်က သုတေသနပညာရှင် ၊ အင်ဂျင်နီယာတွေနဲ့ ဂြိုလ်တုမှာ သယ်သွားမယ့် payload ဒီဇိုင်းတည်ဆောက်မယ့်ပညာရှင်တွေလည်း ပါပြီး Balcatta အထက်တန်းကျောင်းသူ ပီမာက အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်ကြောင်းသိရသည်။



