၂၄.၄.၂၀၂၅ ရက်နေ့တွင် ညောင်ရွှေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်း အဆောက်အဦးပြိုကျပျက်စီး၍ မြေငလျင်ဘေးသင့်သည့် အင်းခြံကေလာကျေးရွာရှိ လူနေအိမ်များ ၊ ဇရပ်ကြီးကျေးရွာ၊ ဇရပ်ကြီးဘုန်းကြီးကျောင်းနှင့် နမ့်ဟူးကျေးရွာ၊ ဖောင်တော်ဦးဘုရားတို့ရှိ အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများနှင့် ကျောက်တိုင်တူးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။



