ထရံတစ်ချပ် လေးသောင်းကျော်ပေးရသဖြင့် ငလျင်ဒဏ်ခံဒေသက နေအိမ်တွေ မိုးမကျမီ ပြင်ဆင်ဖို့ အခက်တွေ့

Apr 24 • 4:03 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထရံတစ်ချပ် လေးသောင်းကျော်ပေးရသဖြင့် ငလျင်ဒဏ်ခံဒေသက နေအိမ်တွေ မိုးမကျမီ ပြင်ဆင်ဖို့ အခက်တွေ့

ငလျင်ဒဏ်ခံဒေသများတွင် ထရံတစ်ချပ် လေးသောင်းကျော်ပေးနေရသဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် စစ်ကိုင်း၊မန္တလေး၊နေပြည်တော် စသည့်မန္တလေးတိုင်းအတွင...

ငလျင်ဒဏ်ခံဒေသများတွင် ထရံတစ်ချပ် လေးသောင်းကျော်ပေးနေရသဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် စစ်ကိုင်း၊မန္တလေး၊နေပြည်တော် စသည့်မန္တလေးတိုင်းအတွင်းရှိ မြို့အတော်များများရှိ ဒေသခံများမှာ ယာယီနေထိုင်ရန်အတွက်ပါ အခက်တွေ့နေ ကြောင်းသိရသည်။လက်ရှိတွင် ဝါးစျေးများလည်း မြင့်တက်နေရာ မိုးကျလာသည်နှင့် ယခုထက်မြင့်လာဖွယ်ရှိကြောင်း သိရပြီး ထရံစျေးမှာ ဝါးစျေးအပေါ် မှီနေရာ ယခုဝါးထရံပေါက်စျေးမှာ တစ်ပေလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိ ဖြစ်လာပြီး ယက်လုပ်ပြီးသားထရံစျေးမှာ ၆ပေ ၁၅ ပေ လေးသောင်းကျပ်၊ ၇ ပေ ၁၅ ပေ လေးသောင်းနှစ်ထောင် ကျပ်နှင့် အကွက်ဖော်ထားသည့် ဝါးထရံများမှာ အကွက်ပေါ်မူတည်ပြီး စျေးပိုပေးရကြောင်း သိရသည်။



news-view-count-icon

58