back

စီးရီးအေချန်ပီယံလုပွဲ၌ နာပိုလီ အလေးသာဟု ကာပယ်လိုသုံးသပ်

Apr 24 • 1:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

စီးရီးအေချန်ပီယံလုပွဲ၌ နာပိုလီ အလေးသာဟု ကာပယ်လိုသုံးသပ်

နာမည်ကျော်နည်းပြဟောင်း ကာပယ်လိုက စီးရီးအေချန်ပီယံလုပွဲတွင် နာပိုလီအသင်း အလေးသာသွားပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ စီးရီးအေပွဲစဉ် (၃၃)အပြီးတွင် အင်တာမီလန်န...

နာမည်ကျော်နည်းပြဟောင်း ကာပယ်လိုက စီးရီးအေချန်ပီယံလုပွဲတွင် နာပိုလီအသင်း အလေးသာသွားပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ စီးရီးအေပွဲစဉ် (၃၃)အပြီးတွင် အင်တာမီလန်နှင့် နာပိုလီတို့မှာ ရမှတ် (၇၁)မှတ်စီဖြင့် တူညီနေပြီး ဂိုးကွာခြားချက်အသာဖြင့် အင်တာမီလန်က ထိပ်ဆုံး၌ ရပ်တည်နေသည်။ သို့သော် ကာပယ်လိုက စီးရီးအေချန်ပီယံလုပွဲတွင် နာပိုလီက အလေးသာသွားပြီဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။ စီးရီးအေတွင် ချမှတ်ထားသော စည်းမျဉ်းသစ်အရ ချန်ပီယံဆုအတွက် အမှတ်တူညီနေပါက ဂိုးကွာခြားချက်၊ Head-to-head ရလဒ်တို့ဖြင့် ဆုံးဖြတ်မည်မဟုတ်ဘဲ အဆုံးအဖြတ် Play-off ပွဲတစ်ပွဲကို ကြားကွင်းတွင် ထပ်မံယှဉ်ပြိုင်ကစားသွားရမည်ဟု သိရသည်။



news-view-count-icon

18