၂၄.၄.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများသို့ ဒလမြို့နယ်မီးသတ်စခန်းမှ သောက်သုံးရေ(၅,၀၀၀)ဂါလန်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ဘောက်ထော်ဘူတာရုံလမ်း၊ ပြည်တော်သာအိမ်ရာရှိ အိမ်ထောင်စုများသို့ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သောက်သုံးရေ(၃,၂၀၀)ဂါလန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။



