ဧပြီလ (၂၄) ရက်နေ့တွင် အသင်းရန်ကုန်ရုံးခွဲ၌ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သော ဒေသများသို့ ဒုတိယအသုတ် အဖြစ် သွားရောက် ကူညီကြမည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ကြက်ခြေနီဝန်ထမ်းများအား လုပ်ငန်းအစီအစဉ်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ ရှင်းလင်းခြင်းကိုပြုလုပ်ခဲ့ပါတယ်။



