မုတ်သုန်ဝင်ရောက်ချိန်မှာ မုတ်သုန်မိုးရွာသွန်းလာမှာဖြစ်ပြီး မိုးဦးကာလ မိုးတိမ်တောင်တွေကြောင့်မိုးသည်းထန်တာ၊ မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာတွေဖြစ်ပွားနိုင်ပါတယ်။အခုနှစ်မှာတော့ အယ်နီညိုရာသီဥတုမရှိတဲ့အတွက် မုတ်သုန်အဝင်နောက်ကျတာမရှိဘဲ ပုံမှန်ရက်အတိုင်းဝင်ရောက်မှာ ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ပုံမှန်အားဖြင့် မေလ(၁၈)ရက်နေ့မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကစလို့ မုတ်သုန်လေဝင်ရောက်မှာဖြစ်ပြီး မိုးကြိုကာလ ရောက်ရှိတော့မှာဖြစ်ပါတယ်။’ဒီနှစ်မှာ မုတ်သုန်အဝင်နောက်မကျဘူး။ပုံမှန်အတိုင်းမေလ(၁၈)ရက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကစဝင်ဖို့ရှိတယ်။ စောရင်နှစ်ရက်လောက်စောနိုင်တယ်”လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။



