ဂါဇာကမ်းမြောင်ဒေသက အိုးအိမ်မဲ့ မိသားစုတွေ ခိုလှုံရာ စာသင်ကျောင်းတစ်ကျောင်းကို ဧပြီလ ၂၃ ရက်မှာ အစ္စရေးက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်ရတာ ဟာ အဆောက်အအုံအတွင်းမှာရှိတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။ဇန်န၀ါရီလ ၁၈ ရက်က အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးနောက် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက် စတိုင်း ၁,၆၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။



