တူကီယေး(တူရကီ)နိုင်ငံတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ဖမ်းဆီးခံထားရသည့် အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoğlu က သတင်းစကားပါးခဲ့သည်။ Ekrem Imamoğlu သည်ပြီးခဲ့သည့် မတ်လတွင် အမှုပေါင်းများစွာဖြင့် စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပြီး တူရကီနိုင်ငံ၏ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်တစ်ခုတွင် ချုပ်နှောင်ခံထားရကြောင်းသိရသည်။ တူရကီနိုင်ငံတွင် ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် အဆောက်အဦးပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၁၅၀ ကျော် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။



