ယူကရိန်းသမ္မတ ဇယ်လန်စကီးက ယူကရိန်းအနေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ပြောကြားချက်အပေါ် အမေရိကန်သမ္မတထရန့်က ဧပြီ ၂၃ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပြီး ဒါက ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အလွန်ပဲ အန္တရာယ်ဖြစ်ထိခိုက်စေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သမ္မတထရမ့်က “ဇယ်လန်စကီးရဲ့ ဒီလို ပြောကြားချက်က စစ်ပွဲကို ဖြေရှင်းဖို့ ပိုလို့ ခက်ခဲစေလိမ့်မယ်။ လက်ရှိအခြေအနေက ပြောရရင် ယူကရိန်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ သူ့အနေနဲ့စစ်ပွဲပြီးလို့ ငြိမ်းချမ်းမှုအတွင်းမှာ နေမှာလား။ ဒါမှမဟုတ် နောက်ထပ်သုံးနှစ်လောက် စစ်ဆက်တိုက်ပြီး တစ်တိုင်းပြည်လုံးဆုံးရှုံးရတဲ့အခြေအနေထိ အရောက်ခံမှာလား” လို့ ဖော်ပြခဲ့ပါတယ်။



