back

ကင်မရွန်း ဆယ်ကျော်သက် တိုက်စစ်မှူးလေးကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ ယူနိုက်တက်

Apr 24 • 7:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကင်မရွန်း ဆယ်ကျော်သက် တိုက်စစ်မှူးလေးကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် လီဟာဗာကနေ လူငယ်တိုက်စစ်မှူး အင်ဇို ကာနာ ဘီယစ်ချ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါဟ...

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် လီဟာဗာကနေ လူငယ်တိုက်စစ်မှူး အင်ဇို ကာနာ ဘီယစ်ချ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။ပြင်သစ်မီဒီယာ L’Équipe ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အသက်(၁၈)နှစ်အရွယ် လူငယ်တိုက်စစ်မှူး ကာနာ ဘီယစ်ချ်ကို ခေါ်ယူဖို့ အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ကာနာ ဘီယစ်ချ်ဟာ လီဟာဗာရဲ့ အရန်လူငယ်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ထင်ရှားသလို ဘောလုံးအတွေ့အကြုံပိုင်းမှာလည်း သန်မာမှုရှိကာ အရပ်နဲ့ မလိုက်အောင်ကို မြန်ဆန်သွက်လက်တဲ့ လှုပ်ရှားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။


news-view-count-icon

21