back

ဒလမှာ သောက်ရေကန်ကို မြေဖို့ပြီးနှစ် ၆၀ ဂရန်ရှိတယ်ဆိုတဲ့ အမျိုးသမီးကို စည်ပင်ဥပဒေနဲ့ ဒဏ်ငွေရိုက်

Apr 24 • 6:00 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒလမှာ သောက်ရေကန်ကို မြေဖို့ပြီးနှစ် ၆၀ ဂရန်ရှိတယ်ဆိုတဲ့ အမျိုးသမီးကို စည်ပင်ဥပဒေနဲ့ ဒဏ်ငွေရိုက်

ဒလမြို့ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်ကြီးကိုနှစ်(၆၀)ဂရန်ထုတ်ပေးထားပြီးဖြစ်တယ်ဆိုပြီးသောက်ရေကန်ကို မြေဖို့တဲ့ အမျိုးသမီးကို စည်ပင်ဥပဒေနဲ့ ဒဏ်ငွေရိုက်ခဲ့ပါ...

ဒလမြို့ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်ကြီးကိုနှစ်(၆၀)ဂရန်ထုတ်ပေးထားပြီးဖြစ်တယ်ဆိုပြီးသောက်ရေကန်ကို မြေဖို့တဲ့ အမျိုးသမီးကို စည်ပင်ဥပဒေနဲ့ ဒဏ်ငွေရိုက်ခဲ့ပါတယ်။YCDC ရဲ့ ထုတ်ပြန်ချက်မှာ ဒေါ်စန်းစန်းနွယ်ကိုခွင့်ပြု ချက်မဲ့ မြေဖို့တဲ့လုပ်ငန်းဆောင်ရွက်တဲ့အတွက် ၁၉.၃.၂၅ ရက်စွဲနဲ့ ရပ်ဆိုင်းဖို့ကိုရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ က အကြောင်းကြားစာပေးခဲ့ပါတယ်။လုပ်ငန်းဆောင်ရွက်နေတဲ့အတွက် ၂၄.၃.၂၅ ရက်မှာရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၁၂(ဃ) အရ ဒေါ်စန်းစန်းနွယ်ကို မြို့နယ်တရားရုံး (စည်ပင်သာယာ) အမှတ် (၂) လသာမြို့နယ် မှ ဒဏ်ကြေးငွေကျပ် (၃)သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။




news-view-count-icon

36