အေစီမီလန်အသင်းဟာ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ အေစီမီလန်အသင်း အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။



