back

နယ်စပ်အွန်လိုင်းလိမ်လည်မှုများအတူ တိုက်ဖျက်ရန်ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်ထိုင်းဝန်ကြီးချုပ်တို့ ကတိပြုခဲ့ကြ

Apr 24 • 5:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

နယ်စပ်အွန်လိုင်းလိမ်လည်မှုများအတူ တိုက်ဖျက်ရန်ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့်ထိုင်းဝန်ကြီးချုပ်တို့ ကတိပြုခဲ့ကြ

ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကိုတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် ကမ္ဘောဒီးယာ...

ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကိုတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့်ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာတို့ ကတိပြုခဲ့ကြသည်ဟု သိရသည်။အဆိုပါပူးတွဲကတိကဝတ်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နံနက် ပေတုန်တန်၏ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း ပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။နှစ်နိုင်ငံဝန်ကြီးချုပ်များ‌ရှေ့မှောက်တွင် စာရွက်စာတမ်းအချို့ကိုလက်မှတ်ရေးထိုး‌စေသည်။ ထို့နောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့က နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ရာဇဝတ်မှုဆိုင်ရာကွန်ရက်များကိုဖျက်သိမ်းနိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်းကိုလည်း အတည်ပြုပြောကြားခဲ့သည်။


news-view-count-icon

22