သရုပ်ဆောင်၊အဆိုတော် နီနီခင်ဇော်ဟာတို့ ဇနီးမောင်နှံက မတ်လ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သမီးလေးကာရန်ရဲ့ အသက် ၁ လပြည့်မွေးနေ့လေးမှာ ကောင်းမှုကုသိုလ်ပြုပေးခဲ့တာဖြစ်ပြီးကာရန်လေးဟာ ဒီကနေ့ ဧပြီ ၂၄ ရက်နေ့မှာ အသက် ၁ လပြည့်သွားတဲ့ တနင်္လာသမီးလေးပဲဖြစ်ပါတယ်။ ထို့ကြောင့် ဖေဖေနဲ့ မေမေက ရွှေတိဂုံဘုရားသို့သွားရောက်ပြီး တနင်္လာနံထောင့်မှာ ရေသပ္ပာယ်ပြီး ကုသိုလ်ယူပေးခဲ့တာလည်းဖြစ်ပါတယ်။


