back

ပျဉ်းမနား-တောင်တွင်းကြီး အစုန်/အဆန် လူစီးကုန်တင်ရထားခရီးစဉ်ကို နေ့စဉ် ပြန်လည်ပြေးဆွဲနေ

Apr 24 • 3:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပျဉ်းမနား-တောင်တွင်းကြီး အစုန်/အဆန် လူစီးကုန်တင်ရထားခရီးစဉ်ကို နေ့စဉ် ပြန်လည်ပြေးဆွဲနေ

မတ်လ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လမ်းပိုင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ယာယီရပ်နားခဲ့ရသည့် ပျဉ်းမနား-တောင်တွင်းကြီး အစုန်/အဆန် လူစီးကုန်တင်ရထားခရီးစဉ်ကိ...

မတ်လ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လမ်းပိုင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ယာယီရပ်နားခဲ့ရသည့် ပျဉ်းမနား-တောင်တွင်းကြီး အစုန်/အဆန် လူစီးကုန်တင်ရထားခရီးစဉ်ကို ဧပြီ ၁၀ ရက်နေ့မှစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။အဆိုပါ ငလျင်ကြောင့် ပျဉ်းမနား- တောင်တွင်းကြီးလမ်းပိုင်း၌ ပျဉ်းမနားဘူတာမှ ကံသာဘူတာကြား ရထားလမ်းပိုင်းအချို့ အပါအဝင် လမ်းပျက်စီးမှု ၁၁ နေရာနှင့် တံတား ၂ စင်းပျက်စီးခဲ့ရသဖြင့် ရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ရာ ပြန်လည်ပြုပြင်ခဲ့ပြီး ဖြစ်၍ ပျဉ်းမနား -တောင်တွင်းကြီး အမှတ်(၁၀၃)အဆန်နှင့် အမှတ်(၁၀၄) အစုန် လူစီးကုန်တင်ရထားအား ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးနေပြီး နေ့စဉ် တောင်တွင်းကြီးမှ မနက် ၅ နာရီနှင့် ပျဉ်းမနား နေ့လယ် ၂ နာရီအချိန်တို့၌ထွက်ရှိခဲ့ပါတယ်။



news-view-count-icon

20