back

ရုရှား ဒရုန်းထုတ်လုပ်မှုကို တရုတ်ကူညီနေဟု ဇယ်လန်းစကီး ပြော

Apr 24 • 3:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှား ဒရုန်းထုတ်လုပ်မှုကို တရုတ်ကူညီနေဟု ဇယ်လန်းစကီး ပြော

တရုတ်နိုင်ငံသားများသည် ရုရှားရှိ ဒရုန်းထုတ်လုပ်ရေး စက်ရုံတစ်ရုံတွင် ဒရုန်းများ ထုတ်လုပ်မှုကို ကူညီပေး နေကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က...

တရုတ်နိုင်ငံသားများသည် ရုရှားရှိ ဒရုန်းထုတ်လုပ်ရေး စက်ရုံတစ်ရုံတွင် ဒရုန်းများ ထုတ်လုပ်မှုကို ကူညီပေး နေကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်။ရုရှားသည် တရုတ်ထံမှ ဒရုန်းနည်းပညာကို ခိုးယူဖွယ် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။တရုတ်သည် ရုရှားကို လက်နက်များနှင့်ခဲယမ်းများ ထောက်ပံ့ပေးနေပြီး ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့ပြီးနောက် ဧပြီ ၂၂ ရက်တွင် ကိယက်ဗ်မြို့တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


news-view-count-icon

48