ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ ၅၊ သြတချောင်းအဆင်းလမ်း ၂၄ ပေရေ ကန်အနီး တွင် ဧပြီ ၁၉ ရက်နေ့က ပုပ်ပွနေသည့်အမျိုးသမီးအလောင်းတွေ့ရှိခဲ့ပါတယ်။ဘုရားဖြူရပ်ကွက် ဩတချောင်းအဆင်းလမ်းတွင် အသက် ၂၀ ကျော် အမျိုးသမီး ရုပ်အလောင်း စွန့်ပစ်ထားသည်ကိုတွေ့ရှိကြောင်း ဒေသခံများထံမှ သိရခြင်းဖြစ်ပါတယ်။ပုပ်ပွနေသော အလောင်းကို ရဲကလာယူသွားပြီး ၊ ဩတချောင်းအဆင်းလမ်း နေရာ အုတ်တံတိုင်း အတွင်းဘက်ခြမ်းတွင် ပစ်ထည့်သွားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။သေဆုံးသော အမျိုးသမီးငယ်သည် အသက် ၂၀ ကျော် ဖြစ်ပြီး၊ ဘုရားဖြူရပ်ကွက် ၊ နယ်မြေ ၅ ၊ ၂၄ ပေကန်အနီးတွင် သတ်ဖြတ်ပြီး စွန့်ပစ်ခံထားရသော ပုံစံ ဖြစ်ကြောင်း ၊ ပုပ်စော်နံမှ သိရသဖြင့် ရက်အတန်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဘုရားဖြူရပ်ကွက် ဩတချောင်းအဆင်းလမ်းတွင် အသက် ၂၀ ကျော် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိဟုဆို
Apr 24 • 2:50 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


