Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ် တစ်ပွဲ အဖြစ် ဧပြီ ၂၃ ရက်နေ့၊ ညနေက ပဒုမ္မာကွင်း၌ သစ္စာအားမာန်အသင်းနှင့် Young Lionesses အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Woman of The Match အကောင်းဆုံးကစားသမားဆုကို သစ္စာအားမာန်အသင်း တိုက်စစ်မှူး မြတ်နိုးခင်က ရရှိခဲ့ပါတယ်။သစ္စာအားမာန်အသင်းနှင့် Young Lionesses အသင်းတို့ ပွဲတွင် သစ္စာအားမာန်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သလို ယနေ့ပွဲတွင် သစ္စာအားမာန်အသင်းတိုက်စစ်မှူး မြတ်နိုးခင်(ကျောနံပါတ်-၈)သည် ခြေစွမ်းပြခဲ့သည့်အပြင် အသင်းအတွက် ဟက်ထရစ်သုံးဂိုးကိုလည်း သွင်းယူပေးခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Woman of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်ပါတယ်။ ကစားသမားမြတ်နိုးခင်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဒေါ်ဝင်းလဲ့ဖြူက ချီးမြှင့် ပေးခဲ့ပါတယ်။



