back

ဘန်ကောက်မှ အိမ်မွေး တိရိစ္ဆာန်တွေကို နောက်နှစ် ဇန်နဝါရီလမှစပြီး Microchip တပ်ဆင်ရမည်

Apr 24 • 1:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘန်ကောက်မှ အိမ်မွေး တိရိစ္ဆာန်တွေကို နောက်နှစ် ဇန်နဝါရီလမှစပြီး Microchip တပ်ဆင်ရမည်

ဘန်ကောက်မှာ နေထိုင်သူတွေဟာ နောက်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က စတင်ကာ လမ်းဘေးခွေးတွေ များပြားလာတာကို တိုက်ဖျက်ဖို့အတွက် အိမ်မွေး တိရိစ္ဆာန်တွေ ဖြစ်တဲ့ ကြောင် နဲ့ ခွ...

ဘန်ကောက်မှာ နေထိုင်သူတွေဟာ နောက်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က စတင်ကာ လမ်းဘေးခွေးတွေ များပြားလာတာကို တိုက်ဖျက်ဖို့အတွက် အိမ်မွေး တိရိစ္ဆာန်တွေ ဖြစ်တဲ့ ကြောင် နဲ့ ခွေးတွေမှာ Microchip တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဘန်ကောက် အုပ်ချုပ်ရေးဌာန (BMA) က အိမ်မွေး တိရိစ္ဆာန် မွေးမြူနိုင်တဲ့ အရေအတွက်ကိုလည်း ကန့်သတ်မှာ ဖြစ်ပါတယ်။အခု ဥပဒေ အသစ်အရ အိမ်မွေး တိရိစ္ဆာန်တွေကို စတင် မွေးမြူပြီး ရက်ပေါင်း ၁၂၀ အတွင်းမှာ Microchip တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ၂၀ နဲ့ ၈၀ စတုရန်းမီတာ အတွင်း ကွန်ဒိုနဲ့ တိုက်ခန်းမှာ နေထိုင်သူတွေဟာ တိရိစ္ဆာန် တစ်ကောင်ကိုပဲ မွေးမြူရမှာ ဖြစ်ပါတယ်။ ဒီထက်ကြီးမားတဲ့ နေအိမ်တွေမှာ တိရိစ္ဆာန် နှစ်ကောင်ကို မွေးမြူနိုင်မှာ ဖြစ်ပါတယ်။ 


news-view-count-icon

16