တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်သည် ဧပြီ ၂၃ ရက်တွင် ပေကျင်းမြို့၌ အီရန် နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တင်းရွှဲရှန်က တရုတ်-အီရန် နှစ်နိုင်ငံသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးကြပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အောင်မြင်မှုရလဒ် များစွာ ရရှိခဲ့ကြောင်း၊ ယမန်နှစ် အောက်တိုဘာတွင် သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Masoud Pezeshkian နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-အီရန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာလမ်းညွှန်မှုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။



