back

မိုဘိုင်းဖုန်းတွေကနေ သဘာ၀ဘေး သတိပေးချက်စနစ် ထိုင်းမှာ စမ်းသပ်မယ်

Apr 24 • 1:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

မိုဘိုင်းဖုန်းတွေကနေ သဘာ၀ဘေး သတိပေးချက်စနစ် ထိုင်းမှာ စမ်းသပ်မယ်

ထိုင်းနိုင်ငံမှာသဘာ၀ဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး မိုဘိုင်းဖုန်းတွေကတဆင့် သတိပေးချက်စနစ်ကို စမ်းသပ်သွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။မြန်မာနိုင်ငံ အလယ်ပိ...

ထိုင်းနိုင်ငံမှာသဘာ၀ဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး မိုဘိုင်းဖုန်းတွေကတဆင့် သတိပေးချက်စနစ်ကို စမ်းသပ်သွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း ပျက်စီးမှုနဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သဘာ၀ဘေးနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ပေးပို့တာမရှိဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်ပြီးနောက် အခုလို စမ်းသပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။သဘာ၀ဘေးနဲ့ပတ်သက်ပြီး မိုဘိုင်းဖုန်းတွေကတဆင့် သတိပေးချက်ထုတ်ပြန်မယ့် Cell Broadcast System (CBS) စနစ်ကို မကြာသေးမီက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ဒေသတွေမှာ လာမယ့်လအတွင်း စမ်းသပ်သွားမယ်လို့ ထိုင်းသဘာ၀ဘေး ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာန ညွှန်ကြားရေးမှူးချုပ် Phasakorn Boonyalak က ပြောပါတယ်။


news-view-count-icon

13