ငလျင်ဘေးသင့်ဒေသများရှိ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်းနည်းစနစ်များဖြင့် ပြုစုနိုင်စေရန်၊ ပြည်သူလူထုအတွင်း ရှေးဦးပြုစုခြင်းပညာရပ်များ ပြန့်ပွားစေရန်အတွက် ရည်ရွယ်ကာ ရှေးဦးပြုစုခြင်း သင်တန်း အပတ်စဉ်(၃) သင်တန်းဖွင့်ပွဲကို ဧပြီလ(၂၂)ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ပြီး သင်တန်းသို့ လူမှုကရုဏာလုပ်ငန်းကို စိတ်ဝင်စားသည့် သင်တန်းသား/သူ(၁၈)ဦး တက်ရောက်ခဲ့ပါသည်။ အခမဲ့ရှေးဦးပြုစုခြင်းသင်တန်းအပတ်စဥ်(၁)ကို ဧပြီလ(၉)ရက်နေ့တွင်လည်းကောင်း၊ အပတ်စဥ်(၂)ကို ဧပြီလ(၁၁)ရက်နေ့တွင်လည်းကောင်းဖွင့်လှစ်ခဲ့ပြီး အပတ်စဥ်(၃)ကို ဧပြီလ(၂၂)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။



