အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံနဲ့ အလားအလာရှိတဲ့ ကုန်သွယ်မှု သဘောတူညီချက်တရပ် ရရှိရေး ဆွေးနွေးပွဲတွေ ကောင်းကောင်းလုပ်နေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် သတင်းထောက် ကာရိုလိုင်း လီဗစ်က ဧပြီ ၂၂ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဟာဝဒ် လာ့ခ်နစ် အပါအဝင် အရာရှိတွေဟာ ကုန်သွယ်ရေး ဆွေးနွေးဖို နိုင်ငံပေါင်း ၃၄ နိုင်ငံနဲ့ အခုသီတင်းပတ်အတွင်း တွေ့ဆုံရာမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံဆီက ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ အဆိုပြုချက်တွေကို ထရမ့်ပ်အစိုးရက လက်ခံရရှိထားတယ်လို့ လီဗစ်က ပြောခဲ့ပါသည်။



