ဟောင်ကောင် အခြေစိုက် CK Hutchison ၏ ဆိပ်ကမ်းများ လုပ်ငန်းတွင် ကျန်သည့် ၈၀% ကို ပိုင်ဆိုင်သော ဟောင်ကောင် သူဌေးကြီး လီကာရှင်းက ပြီးခဲ့သည့် မတ်လတွင် ၎င်းပိုင်ဆိုင်သော ရှယ်ယာများ အားလုံးကို အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး BlackRock ဦးဆောင်သည့် ကုမ္ပဏီစုထံ ရောင်းချမည်ဟု ကြေညာခဲ့သည်။ ပနားမားတူးမြောင်းတွက် CK Hutchison လုပ်ကိုင်လျက် ရှိသည့် မဟာဗျူဟာအရ အရေးပါသည့် ဆိပ်ကမ်းနှစ်ခု ရောင်းချသည့်အထဲ ပါဝင်သည်။ CK Hutchison သည် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် အရောင်းအဝယ်ကို ဆိုင်းငံ့ထားသည်။ BlackRock ဦးဆောင်သည့် ကုမ္ပဏီစုနှင့် CK Hutchison တိုသည် ၁၄၅ ရက် ဆွေးနွေးညှိနှိင်းရန် သဘောတူထားသည်။ ၎င်းအရောင်းအဝယ်တွင် ၂၃ နိုင်ငံမှ ဆိပ်ကမ်း ၄၃ ခု ပါဝင်သည်။



