နေပြည်တော်၊ ပျဥ်းမနားမြိုရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားဘိုးဘွား(၂,၀၀၀)ဦးကျော်အား "ဆုလာဘ်ပိုင်"ကုမ္ပဏီမိသားစုနှင့် Pay Me ကုမ္ပဏီတို့မှ ဧပြီ ၂၂ ရက်နံနက်ပိုင်းက စားနပ်ရိက္ခာများလှူဒါန်းကာ အာဟာရဒါနကျွေးမွေးခဲ့ကြကြောင်း သိရသည်။ထို့ပြင် Pay Me ကုမ္ပဏီမှလည်း ဘိုးဘွားများအား အခြေခံစားနပ်ရိက္ခာများဖြစ်သည့်အာလူး၊ ကြက်ဥ ၊ ကြက်သွန်နီနှင့် သောက်ရေသန့်ဗူးများကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။



