မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံး ယူဆော့မိရာကနေ လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပြီး တအာင်းဒေသ နမ့်ဆန်မြို့နယ် အရှေ့လုံတောက်ရွာက အသက် ၅ နှစ်အရွယ် လွေးဆိုင်မွန်းခေါ် သီရိရတနာထွန်းနဲ့ ၈ နှစ်အရွယ် ကြယ်စင်အောင်ခေါ် ခွန်ရီတို့ မောင်နှမနှစ်ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။လက်ရှိမှာတော့ ဒဏ်ရာရတဲ့ လွေးဆဲင်မွန်းနဲ့ ခွန်ရီတို့ကို နမ့်ခမ်း ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူဖို့ ပို့ဆောင်ထားပြီး ငွေကြေးအကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။



