သင်္ကြန် ၁၀ ရက်ပိတ်အပြီးကုန်အရောင်းများ ပြန်ဖွင့်ချိန်တွင် အခြေခံစားကုန်များနှင့် ယိုးဒယားလိုင်း ပစ္စည်းများစျေးထပ်တက်သဖြင့် ရပ်ကွက်တွင်းရောင်းချနေသည့် လက်လီဆိုင်များမှာ အခက်တွေ့နေကြောင်း သိရသည်။လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးနှင့် မတည်ငြိမ်မှုများကြောင့် ပြည်ပထုတ် လူသုံးကုန်ပစ္စည်းများ စျေးမှာ အမှန်မရှိဘဲ အတက်ချည်းသာရှိသဖြင့် စျေးအတက်နှင့် ပစ္စည်းပြတ်လပ်မှုကို ချိန်ကာ ရောင်းဝယ် နေရကြောင်း သိရသည်။



