အထူးဒေသ (၁)လောက်ကိုင်မြို့သည် အခြားဒေသမှ ရွှေ့ပြောင်းနေထိုင်သူများ၊ စီးပွားရေးသမားများ၊ အခြေခံလူတန်းစား အလုပ်သမားများဖြင့် အထူးစည်ကားသောမြို့တော်တစ်ခုဖြစ်သည်။ မြို့တွင်းဖြစ်ပေါ်လာနိုင်သည့် ဒုစရိုက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် နေထိုင်ခွင့်ကဒ်များ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။ နေထိုင်ခွင့်ကဒ်ပြုလုပ်ရာတွင် မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း (သို့မဟုတ်)ထောက်ခံပေးသူလိုအပ်ကြောင်းသိရသည်။နေထိုင်ခွင့်ကဒ်ပြုလုပ်လို့သူများအနေဖြင့် တုံချိန်မြို့နယ် ရဲစခန်းတွင် အသေးစိတ်အချက်အလက်များ သွားရောက်စုံစမ်းနိုင်ကြောင်း သိရှိရသည်။



