back

ဝါရင့်ကွင်းလယ်လူ လှိုင်းဘိုဘိုအား ရှမ်းယူနိုက်တက် အသင်း ခေါ်ယူ

Apr 23 • 12:00 PM

breaking-news

မြန်မာ

ရှမ်း

cover

ဝါရင့်ကွင်းလယ်လူ လှိုင်းဘိုဘိုအား ရှမ်းယူနိုက်တက် အသင်း ခေါ်ယူ

ရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသော ရှမ်းယူနိုက်တက် အသင်းသည်ဝါရင့် ကွင်းလယ်လူ လှိုင်းဘိုဘိုအား ခေါ်ယူ အားဖြည့်လိုက်ပြီ ဖြစ်ကြောင်း သိရပါသည်။မြန်မာ့...

ရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသော ရှမ်းယူနိုက်တက် အသင်းသည်ဝါရင့် ကွင်းလယ်လူ လှိုင်းဘိုဘိုအား ခေါ်ယူ အားဖြည့်လိုက်ပြီ ဖြစ်ကြောင်း သိရပါသည်။မြန်မာ့ လက်ရွေးစင် အလယ်တန်းလူလည်းဖြစ်သော လှိုင်းဘိုဘိုက "ရှမ်းယူနိုက်တက်ကို ကျနော် သဘောကျတယ်။ ရည်မှန်းချက် ရှိတယ်လို့ ခံစားရတယ်။ ပြီးတော့ ဒီမှာ (ရှမ်းယူနိုက်တက်မှာ) သူငယ်ချင်းတွေ အများကြီးပဲ။ ဟိုးအရင် ရတနာပုံမှာ အတူတူ ကစားခဲ့တဲ့ ဟိန်းသီဟဇော်တို့ကအစ၊ မျိုးကိုထွန်းတို၊ အောင် ဝဏ္ဏစိုးတို့ အများကြီးပါ။ ဘောလုံး ကစားတာက ပျော်မှ ကစားလို့ ကောင်းတာ။ ကြိုးစား တာကတော့ စိတ်ချ၊ ကြိုးစားမှာ" ဟု ဆိုသည်။ ရှမ်းပြည်နယ် ကိုယ်စားပြု ကလပ် အသင်းသည်ပြည်ပ ကစားသမား ခေါ်ယူမှုများအား ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။




news-view-count-icon

17