၂၃.၄.၂၀၂၅ ညနေ ၄ နာရီ ၄၈ မိနစ်ခန့်မှန်းချက်မှာ ယနေ့မှစပြီး ၂၈ရက်နေ့အထိ မြန်မာတစ်ပြည်လုံးမှာ
နေအပူချိန်များဟာ သိသိသာသာမြင့်တက်လာပြီးအထူးသဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်နေပြည်တော်တို့မှာ ယခုအပူချိန်ထက် 2-4C°လောက်မြင့်တက်လာနိုင်တယ်လို့ သိရပါသည်။ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာလည်း ယခုလက်ရှိအပူချိန်ထက် မြင့်တက်လာကာ အိုက်စပ်စပ်ဖြစ်ပေါ်လာနိုင်ပါသည်။



