ထိုင်းနိုင်ငံ၊ ဘန်ချတ် Bangchak ကော်ပိုရေးရှင်းနဲ့ မိတ်ဖက်လုပ်ငန်းတွေက မြန်မာ့ငလျင်ဘေး အတွက် ဘတ်ငွေ ၁ ဒသမ ၂၉ သန်း လှူဒါန်းလိုက်တဲ့အကြောင်း Bangkok Post သတင်းမှာ ဧပြီ ၂၂ ရက်က ဖော်ပြပါတယ်။ဒါ့အပြင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဆေးအဖွဲ့က မန္တလေးမြို့မှာ ရွေ့လျား ဆေးပေးခန်းဖွင့်လှစ်ပြီး ငလျင်ဘေးသင့်သူတွေအတွက် အခြေခံဆေးဝါးကုသမှုတွေ ပေးနေသလို ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့ကလည်း ပြည်သူတွေနေထိုင်ဖို ယာယီတဲစုစုပေါင်း ၁၀၀ ကျော် ဆောက်လုပ်ပေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။



