ရှမ်းပြည်အရှေ့ပိုင်း နယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် မိုင်းလား တင်သွင်းပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေးဘက်သို့ ပို့ဆောင်မည့် ကုန်စည်များပါဝင်သည့် ကုန်တင်ယာဉ် အစီး ၇၀ခန့်ကို တောင်ကြီးမြို့တွင် ဖမ်းဆီးထားပြီး ယခုအချိန်အထိ တစ်စီးမျှ မလွတ်သေးကြောင်း ကုန်သည်များနှင့် ကုန်တင်ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ဖမ်းဆီးခံထားရသည့် ကုန်စည်များမှ တရုတ်နှင့် ထိုင်းမှ ဝင်ရောက်သည့် လူသုံးကုန်စည်အများစုဖြစ်ပြီး တာချီလိတ်ဂိတ်များမှ ကုန်ကားအများစုပါကြောင်း၊ ကုန်ပစ္စည်းတန်ဖိုများပြားပြီး ညှိနှိုင်းမရသည့်အတွက် အခက်တွေ့နေကြောင်း တာချီလိတ်ကုန်သည်တစ်ဦးကပြောသည်။



