ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုအနည်းငယ်ရှိခဲ့သည့် ကျောက်ဆည်မြို့က ကျောက်သေတ္တာစေတီကို ဖောက်ခွဲပစ်မည့်အစား ပညာရှင်များဖြင့်တိုင်ပင်ပြီး ဘေးကင်းစွာဆက်လက်ထားရှိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ ထိုကျောက်သေတ္တာ စေတီတော်ကို ခိုင်ခံ့စေရေး ကျောက်တုံး အောက်ခြေ၌ Cement Grouting နည်းလမ်း၊ မြေထိန်းနံရံနှင့်သင့်လျော်မည့် နည်းလမ်းများကို နည်းပညာရှင်၊ အတတ်ပညာရှင်များ အကြံဉာဏ်များကိုရယူပြီး ဆောင်ရွက်နေကြောင်းလည်း သိရသည်။



