back

တောင်ကြီး Ocean center ကိုပြန်လည် ဖွင့်ခဲ့သော်လည်း အဆောက်အဦး ခိုင်မြဲမှုအပေါ် မြို့ခံများစိုးရိမ်နေ

Apr 23 • 11:28 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး Ocean center ကိုပြန်လည် ဖွင့်ခဲ့သော်လည်း အဆောက်အဦး ခိုင်မြဲမှုအပေါ် မြို့ခံများစိုးရိမ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ Ocean Center အဆောက်အဦးသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၌ ငလျင်ကြောင့် ထိခိုက်မှုများကြုံတွေ့ရ၍ ငလျင်လှုပ်ပြီး ၂၄ ရက...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ Ocean Center အဆောက်အဦးသည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၌ ငလျင်ကြောင့် ထိခိုက်မှုများကြုံတွေ့ရ၍ ငလျင်လှုပ်ပြီး ၂၄ ရက်အကြာ ဆိုင်ခန်းများပြန်လည်းဖွင့်ခဲ့သော်လည်း မြို့ခံ တချို့ အဆောက်အဦး ခိုင်မြဲမှုအပေါ် စိုးရိမ်နေကြသည်။ တောင်ကြီး Ocean Center ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အင်ဂျင်နီယာများက ဧပြီ ၁၈ ရက်နေ့မှစတင်၍ ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသော်လည်း မြို့ခံများ အနေနဲ့ စိုးရိမ်မှုရှိနေသေးကြောင်းသိရသည်။ တောင်ကြီးရှိ City Mart ၊ Ocean နှင့် City Care ဈေးဝယ်စင်တာများကို ရက်အကန့်အသတ်မရှိပိတ်ခဲ့ပြီးနောက် တောင်ကြီး Ocean Center ကို ယနေ့ ဧပြီလ ၂၃ ရက်နေ့ တွင်ပြန်လည်ဖွင့်လှစ်ထားပြီး တချို့ဆိုင်ခန်းမှာ ပြန်လည်းပြုပြင်မွမ်းမံနေဆဲ ဖြစ်ကြောင်းသိရသည်။



news-view-count-icon

31