ဧပြီ၂၃ သတင်းအရ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စျေးချိုတော် ၈၄ လမ်း၊၂၆ လမ်းနဲ့ ၂၈ လမ်းကြားရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦးတွေကို ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အနီရောင်အဆင့်သတ်မှတ်ကာ စတင် ဖြိုချ ဖျက်သိမ်းနေပြီလို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့က ဆိုပါတယ်။လက်ရှိမှာတော့ အဲ့ဒီ တောင်/မြောက် တိုက်တန်းကြီးကို စတင် ဖြိုဖျက်နေတာ ဖြစ်ပါတယ်။"ငလျင်လှုပ်တဲ့နေ့က ဥပုသ်နေ့ဆိုတော့ ဈေးပိတ်လို့တော်သေးတာပေါ့။ ဈေးဖွင့်တဲ့နေ့သာဆိုရင် အများကြီးထိကြ၊ သေကြမှာ၊ အခု တောင်မြောက်ဈေးတိုက်တန်းတွေ ဖျက်ရတော့ အဲ့မှာဆိုင်ဖွင့်ကြတဲ့သူတွေ ဒုက္ခတော့ ရောက်တာပေါ့၊ ဆက်ဖွင့်ခိုင်းရင်တောင် ငလျင်လှုပ်ရင် ပြိုကျမှာစိုးတာနဲ့ ဘယ်သူမှလည်း ဖွင့်ကြမှာ မဟုတ်လောက်ပါဘူး" လို့ ဈေးချိုမှာ အထည်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
Apr 23 • 10:09 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


