back

အရှေ့တောင်တိုင်း၌ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်

Apr 23 • 10:01 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အရှေ့တောင်တိုင်း၌ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်

ဧပြီ ၂၂သတင်းအရ ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာ၊ သာသနာကို အရှည်တည်တံ့တိုးတက်ခိုင်မြဲအောင်...

ဧပြီ ၂၂သတင်းအရ ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာ၊ သာသနာကို အရှည်တည်တံ့တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း အောင်ဆန်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ မိသားစုဝင်များ၊ မော်လမြိုင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

news-view-count-icon

33