လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ရန်ကုန်တိုင်း(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း(မြောက်ပိုင်း)တို့တွင် ဧပြီ လ၏ ပုံမှန်နေ့အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ(အနည်းငယ်)မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။
ဧပြီ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်
Apr 23 • 9:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


