back

ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ

Apr 23 • 8:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ

၂၀၂၅၊ ဧပြီ ၂၃ သတင်းအ ရပ်ကွက်ဈေးများတွင် သင်္ကြန်အပြီး အသားဈေးများပိုမိုမြင့်တက်လာသည်။ တချို့ဈေးများတွင် ဝက်ပေါင် သား တစ်ဆယ်သား ၄၅၀၀ ကျပ်၊ ဝက်သားသုံးထပ်သားတစ်ဆယ်...

၂၀၂၅၊ ဧပြီ ၂၃ သတင်းအ ရပ်ကွက်ဈေးများတွင် သင်္ကြန်အပြီး အသားဈေးများပိုမိုမြင့်တက်လာသည်။ တချို့ဈေးများတွင် ဝက်ပေါင် သား တစ်ဆယ်သား ၄၅၀၀ ကျပ်၊ ဝက်သားသုံးထပ်သားတစ်ဆယ်သား ၄၂၀၀ ကျပ်ဈေးဖြစ်လာပြီး တချို့‌ဈေးများ တွင် ဝက်သားသုံးထပ်သားနှင့် ဝက်ပေါင်သားတစ်ဆယ်သား ၃၈၀၀ ကျပ်ဈေးတို့ဖြင့် ဈေးနှုန်းမတူညီဘဲ ရှိသည်။ အမဲမိုးခိုသားတစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးအထိ ဈေးမြင့်တက်လာပြီး အမဲအရိုးအသားတစ်ဆယ်သား ၂၆၀၀ ကျပ်၊ အမဲကလီစာ တစ်ဆယ်သား ၂၅၀၀ ကျပ်၊ အမဲနံရိုးတစ်ဆယ်သား ၂၆၀၀ ကျပ်ဈေးတို့ရှိဖြင့် မြင့်တက်လာသည်။ ဆိတ်သားတစ်ဆယ်သား ၄၅၀၀ ကျပ်၊ ဆိတ်ကလီစာတစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးတို့ဖြင့် ဈေးမြင့် တက်လာသည်။ ကြက်သားဈေးများတွင်လည်း CP ကြက်သားတစ်ဆယ်သား ၂၀၀၀ ကျပ်ဖြင့် ရောင်းချပြီး အပိုင်းလိုက် ဈေး နှုန်းများတွင် CP ကြက်ရင်ပုံတစ်ပိုင်း ၆၀၀၀ ကျပ်၊ CP ကြက်ပေါင်တစ်ပိုင်း ၄၅၀၀ ကျပ်‌ဈေးတို့ ဖြစ်လာသည်။ ကြက်နီမတစ်ဆယ်သား ၂၅၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိသည်။ ဗမာကြက်ကိုတစ်ကောင် ၃၄၀၀၀ ကျပ်‌ဈေးဖြင့် အကောင်လိုက်ဈေး၊ တစ်ခြမ်းဈေးဖြင့် ရောင်းချကြပြီး ယခင်ထက် ဈေးပိုမြင့်တက်လာသည်။

news-view-count-icon

26