မြန်မာနိုင်ငံအလယ်ပိုင်းမှာ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ နဲ့ ၆.၄ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်အပြီး ငလျင်ဒဏ်သင့်ဒေသတွေက ရွှေ့ပြောင်းနေထိုင်နေရသူ သောင်းနဲ့ချီပြီး ကျန်းမာရေးဆိုင်ရာအန္တရာယ် ကြုံတွေ့ရမှု အရှိန်အဟုန် မြင့်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။လူများပြားလွန်းတဲ့နေရာမှာ ခိုလှုံရခြင်း၊ မိလ္လာစနစ် ညံ့ဖျင်းခြင်း၊ ပျက်စီးနေတဲ့ အခြေခံအဆောက်အအုံတွေ နဲ့ အကန့်အသတ်ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ ရောဂါအန္တရာယ်ဖြစ်ပွားမှု အန္တရာယ်ကို တွန်းပို့နေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တီဘီရောဂါ အများဆုံးခံစားရတဲ့ နိုင်ငံဖြစ်ကြောင်း WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
Apr 23 • 8:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


